။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မေ့ရမယ့်အကြောင်းကို မေ့ပစ်ပါ။။ ရှင်းရမယ့်ကိစ္စကို ရှင်းထားပါ။။ ပြင်ထားသင့်တာတွေ ပြင်ဆင်ထားပါ။။ ကြဉ်ဖယ်သင့်တာတွေ ကြဉ်ဖယ်ထားပါ။။ သာယာခဲ့တာတွေ ပယ်နုတ်ထားပါ။။ အားကိုးခဲ့တာတွေ လျှော့ချစေပါ။။ ကြော့မော့ခဲ့တာတွေ ပြန်ပြင်ဆင်ပါ။။ လျှော့ပေါ့ခဲ့တာတွေ ပြန်တည်ဆောက်ပါ။။ မှားခဲ့တာတွေ နောင်တရပါ။။ နိုင်ခဲ့တာတွေ ပြန်တောင်းပန်ပါ။။ ကတိပျက်ခဲ့တာတွေ ပြန်သတိရပါ။။ သည်နေ့ စိတ်ရဲ့အညစ်အကြေးကို ရှင်းပါ။ တောင်ကလေးဆရာတော်(၁.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)